Saturday, November 21, 2009

မခွဲကြေး.......

ကောင်လေးရေ...
လက်တစ်ဝါးစာလောက်သာရှိတဲ့
ငါရဲ့နှလုံးအိမ်ကနေ
တစ်ကိုယ်လုံးဆီကို
နင့်ကိုချစ်တတ်တဲ့သွေးတွေ
လှည့်ပတ်စီးဆင်းနေပြီ...
ပတ်ဝန်းကျင်က
သတိပေးစကားဆိုတယ်
ဦးနှောက်နဲ့ဆုံးဖြတ်ပါတဲ့
ခက်တာကလည်း
နှလုံးသားကစီရင်ချက်
ချပြီးနေပြီလေ
ဘယ်အကြောင်းအရာအတွက်ကြောင့်မှ
မျက်ရည်မကျခဲ့ပေမဲ့
ခုတော့
နေစဉ်နဲ့အမျှဝမ်းနည်းပူဆွေးနေမိပြီ
ဘ၀မှာမော်ကြွားဘို့
လူဖြစ်လာတာမဟုတ်ပေမဲ့
ကျော်လွှားလို့မရနိုင်တဲ့လောကဓံကို
ရင်ဆိုင်တဲ့အခါမှာ
အားအင်ပြည့်ဘို့
မင်းလက်ကိုတော့တွဲထားပါရစေ......
လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....