Friday, November 16, 2012

ပြန်မလာတော့မဲ့သူ

မမျှော်တော့ဘူးကွယ်
ဘယ်တော့ပြန်လာမလဲ
ငါမသိချင်တော့ဘူး
မင်းပြန်လာတာ
င့ါဆီမှ မဟုတ်တာပဲ

မပျော်တော့ဘူးကွယ်
မင်းရဲ့နေ့ရက်တွေဟာ
ငါနဲ့မသက်ဆိုင်မှန်း
ဇာတ်သိမ်းခန်းမတိုင်မီ
ငါကြိုသိထားတဲ့နောက်

မခေါ်တော့ဘူးကွယ်
ကိုယ်ရွေးတဲ့လမ်း ကိုယ်လှမ်း
ကိုယ်လျှောက်မယ့်လမ်းကိုယ်ဖောက်
ကိုယ့်ဘ၀ ကိုယ်ဆက်လျှောက်ကြမယ်

တခဏလောက် လမ်းကြုံကြရင်တော့
အရင်ကလို ပြုံးပြကြမယ်
အဆင်မပြေတော့လဲ
အရင်ကလို မသိဟန်ဆောင်လို့ပေါ့

တကယ်ဆို
ငါတို့က
ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြတဲ့
အစိမ်းသက်သက် သူစိမ်းတွေပဲကွယ်

ဘ၀ဆိုတဲ့
ကန့်လန့်ကာချ ဇာတ်မသိမ်းခင်တော့လည်း
ငါနဲ့နင်
ပြန်ဆုံချင်သေးတာပေါ့လေ

ကာရန်သစ်

လွဲချော်နေသောအလွမ်းများစွာအတွက်



ဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုရင်တောင်
ဘယ်တော့မှ မေ့မပြစ်လိုက်ပါရစေနဲ့လား
သတိရနေခွင့်ကလေးတော့
ရှိနေဦးမှာပေါ့နော်

ဆုံဆည်းခဲ့ရတဲ့
ကာလကလေးကိုပဲ
အမှတ်တရတစ်ခုအဖြစ်ယူဆပြီး
ဘ၀တသက်လုံး
လွမ်းဆွတ်နေသွားပါရစေလား

လက်တွဲခွင့်မရှိဘူးဆိုရင်လဲ
မျဉ်းပြိုင်လိုဘေးချင်းယှဉ်ပြီး
ဘယ်တော့ဖြစ်ဖြစ်မြင်သာခွင့်တော့
လိုချင်မိတယ်

နေရာတခုတည်းမှာတောင်
လှည့်မကြည့်လို့မတွေ့လိုက်ရမှာမျိုး
လှမ်းမကြည့်လို့မမြင်လိုက်ရမှာမျိုး
.....
ဒီလိုသာလွဲလွဲနေရင်တော့
ကိုယ်ရင်ကွဲရချည်ရဲ့ ကွယ် ။ ။

ကာရန်သစ်

Wednesday, November 7, 2012

မျှော်လင့်ခြင်းဝေးးးးးးးးးး

မမျှော်တော့ဘူးကွယ်
ဘယ်တော့ပြန်လာမလဲ
ငါမသိချင်တော့ဘူး
မင်းပြန်လာတာ
င့ါဆီမှ မဟုတ်တာပဲ

မပျော်တော့ဘူးကွယ်
မင်းရဲ့နေ့ရက်တွေဟာ
ငါနဲ့မသက်ဆိုင်မှန်း
ဇာတ်သိမ်းခန်းမတိုင်မီ

ငါကြိုသိထားတဲ့နောက်

မခေါ်တော့ဘူးကွယ်
ကိုယ်ရွေးတဲ့လမ်း ကိုယ်လှမ်း
ကိုယ်လျှောက်မယ့်လမ်းကိုယ်ဖောက်
ကိုယ့်ဘ၀ ကိုယ်ဆက်လျှောက်ကြမယ်

တခဏလောက် လမ်းကြုံကြရင်တော့
အရင်ကလို ပြုံးပြကြမယ်
အဆင်မပြေတော့လဲ
အရင်ကလို မသိဟန်ဆောင်လို့ပေါ့

တကယ်ဆို
ငါတို့က
ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြတဲ့
အစိမ်းသက်သက် သူစိမ်းတွေပဲကွယ်

ဘ၀ဆိုတဲ့
ကန့်လန့်ကာချ ဇာတ်မသိမ်းခင်တော့လည်း
ငါနဲ့နင်
ပြန်ဆုံချင်သေးတာပေါ့လေ

ကာရန်သစ်
၆. ၁၁. ၁၂
လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....