ကျားကွက်ကစားသလို
ငါကထိုးကျွေးခဲ့တာလည်းမဟုတ်ဘူး
နင်ကဖမ်းစားခဲ့တာလည်းမဟုတ်ဘူး
အချစ်ဆိုတဲ့ဘာမှန်းမသိတဲ့အရာကသာငါကိုဖမ်းစားခဲ့တာ
ဘယ်လောက်ပဲရင့်ကျက်တည်ငြိမ်ပါစေ
နင့်ရဲမုသားချိုချိုတွေမှာတော့
ငါပျော်ဝင်ခဲ့ပြီကောင်လေးရေ
အဲဒီမုသားချိုချိုတွေကိုမကြားရတဲ့ရက်တွေဆို
ငါရဲ့နေ့တွေတိုင်းဟာအဓိပါယ်မဲ့နေပြီလေ
နင့်ရင်ထဲကပထမဆိုတဲ့နေရာကို
မရခဲ့ရင်တောင်မှနင်မြင်သာမဲ့
ထောင့်တစ်နေရာမှာ
နင့်ကိုလွမ်းတဲ့စိတ်တွေနဲ့
ငါစောင့်နေပါရစေ
မချစ်တတ်ခဲ့တာလည်းမဟုတ်ပါဘူး
အချစ်ငတ်ခဲ့တာလည်းမဟုတ်ပါဘူး
လွမ်းရမှာကြောက်လို့
မချစ်ဘို့ဆုံးဖြတ်လိုက်ပြီးမှ
ရင်ထဲကိုသူအလိုလိုရောက်လာခဲ့တာပါ
No comments:
Post a Comment