Wednesday, February 8, 2012

သူပြုံးနေတုန်းကပေါ့..

ငါ့ဘ၀မှာ
နှင်းဆီရောင်ညနေခင်းတွေလည်း
လင်းကျင်းလှပနေခဲ့ဘူးတယ်...
တခါတုန်းကပေါ့
သက်တန့်ရောင်ဆည်းဆာနဲ့
နေ၀င်ချိန်တိုင်းဟာ
ရွှေအိုရောင်တိမ်တိုက်တွေနဲ့
လှပစေခဲ့တယ်လေ..
အနားမှာ
သူနေတုန်းကပေါ့....
အိပ်တန်းပျံငှက်တွေနဲ့
နေညိုချိန်တွေမှာ
အထီးကျန်မှုတွေဝေးလွင့်လို့
မနက်ဖြန်မှာ
ဒီထက်လှတဲ့နေမင်းကြီး
ထပ်ထွက်လာဦးမယ်လို့
တပုံတပင်ယုံကြည်ချက်တွေနဲ့
နေ၀င်ချိန်တိုင်းလှပနေခဲ့တယ်
(သူပြုံးနေတုန်းကပေါ့...)

Wednesday, February 1, 2012

အစိမ်းခြွေ

ဆောင်းမနက်ခင်းရဲ့
နှင်းစက်တွေလို
ဘယ်အချိန်ကတည်းကတည်ရှိနေမှန်းလဲမသိရ
ဘယ်ကလာပြီး
ဘယ်ကိုရောက်သွားတာလဲ
တွေးမရသလိုမျိုး
ငါက
သံယောဇဉ်ဆိုတဲ့ကြိုးကို
ပိုးနဲ့ချည်ခဲ့တာမဟုတ်တော့
အဖိုးမတန်ဘူးပေါ့
သံနဲ့ချည်ခဲ့တမဟုတ်တော့
မခိုင်ခဲ့ဘူးပေါ့
ရင်ခုန်သံတွေကိုချည်နှောင်ခဲ့တဲ့
ရင်ထဲကတစ်စုံတစ်ရာဟာ
``အစိမ်းခြွေ´´ ဆိုတဲ့
ခေါင်းစဉ်အောက်
ရောက်သွားတဲ့အခါ
သံယောဇဉ်ကြိုးလဲ
ကြိုး ပဲ့ သွား ခဲ့ တယ်.....။
လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....