Wednesday, February 1, 2012

အစိမ်းခြွေ

ဆောင်းမနက်ခင်းရဲ့
နှင်းစက်တွေလို
ဘယ်အချိန်ကတည်းကတည်ရှိနေမှန်းလဲမသိရ
ဘယ်ကလာပြီး
ဘယ်ကိုရောက်သွားတာလဲ
တွေးမရသလိုမျိုး
ငါက
သံယောဇဉ်ဆိုတဲ့ကြိုးကို
ပိုးနဲ့ချည်ခဲ့တာမဟုတ်တော့
အဖိုးမတန်ဘူးပေါ့
သံနဲ့ချည်ခဲ့တမဟုတ်တော့
မခိုင်ခဲ့ဘူးပေါ့
ရင်ခုန်သံတွေကိုချည်နှောင်ခဲ့တဲ့
ရင်ထဲကတစ်စုံတစ်ရာဟာ
``အစိမ်းခြွေ´´ ဆိုတဲ့
ခေါင်းစဉ်အောက်
ရောက်သွားတဲ့အခါ
သံယောဇဉ်ကြိုးလဲ
ကြိုး ပဲ့ သွား ခဲ့ တယ်.....။

No comments:

Post a Comment

လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....