Saturday, February 2, 2013

လွဲမှားခြင်း သီအိုရီ...


အချစ်
စကားလုံးတိုင်းကိုရင်ခုန်ခဲ့မိသူမို့
ခုတော့
စကားလုံးတိုင်းကနာကျင်စေခဲ့ပြီ
ပေးသမျှပြန်ရတတ်တယ်ဆို
လောကကြီးရယ်မတရားလိုက်တာ
ငါပေးရတာကအချစ်
ငါပြန်ရလိုက်တာကအမုန်း
ဒါလုံးဝမဖြစ်သင့်ဘူးပဲ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသတဲ့
ငယ်ငယ်ကသင်ခဲ့ဘူးပါရဲ့
နှလုံးသားတစ်ခုနဲ့တစ်ခုကြားမှာ
ကြားခံနယ်တွေက
ဘယ်လောက်တောင်များသလဲ
ငါလဲသိချင်ပါရဲ့
ဘယ်လိုတွက်တွက်
အဖြေမထွက်မယ့်ပုစ္ဆာကို
ငါအရှုံးပေးလိုက်ပါပြီ
ခုတော့လည်း
အလွတ်ကျက်ခဲ့ဘူးတဲ့သီအိုရီတွေ
လွဲမှားမှန်းသိလိုက်ရတဲ့အချိန်မှာ
ငါ့နှလုံးသားလေးက
နာဖျားစပြုနေပြီ ဟာ

k.t.k
23.1.13

No comments:

Post a Comment

လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....