Monday, May 24, 2010

မပြောင်းလဲမဲ့အမှန်တရား

ချစ်သူ
အမှတ်တရဆိုတဲ့
အရာတွေကိုမြင်မှ
သတိရတာမဟုတ်ပါဘူး
အချိန်တိုင်းမှာနင်က
ဆိုးမိုးထားတာပါ……
အရင်က179မိုင်အဝေး
လွမ်းလို့ပြေးတွေလို့ရတယ်
ခုတော့မိုင်များစွာဝေး
ငါဘယ်လိုလာတွေ့မလဲချစ်သူ…
သတိရခြင်းနေ့ရက်တွေကို
ဘာတွေနဲ့အစားထိုးရမှာလဲ
ခုတော့လွမ်းဆွေးခြင်းအဖြစ်ပြောင်းလဲ
နာကြင်ကြေကွဲနေရပြီ…
မပြောင်းမလဲတည်ရှိနေမယ်ထင်တဲ့
အရာတွေတောင်
ပြောင်းလဲကုန်ပြီ..
နင့်ရဲချစ်ခြင်းတွေကိုတော့
ကျေးဇူးပြုပြီး
မပြောင်းလဲလိုက်ပါနဲ့နော်
ခဏတာအတွက်ပဲဆိုဆို
တဘ၀စာအတွက်ပဲဆိုဆို
ထာဝရတော့ချစ်နေခွင့်ပေးပါ..!!!!

(အဝေးရောက်ညီမလေးအတွက်)

Monday, April 5, 2010

မျှော်လင့်ခြင်းနေ့ရက်

" ကမ္ဘာကြီးကအချစ်တစ်ခုအတွက်
သူ့စိတ်ကြိုက်ဖန်ဆင်းပေးပြီးသားတဲ့ "
မဆုံနိုင်သေးတဲ့နောက်
နာရီသံတွေရဲ့အောက်က
မအိပ်စက်နိုင်တဲ့ညတွေ
တိတ်တဆိတ်ခံစားချက်တွေကလည်း
အလွမ်းတွေနဲ့အတူ...
အာကာပြင်ထက်မှာလွင့်မျောနေခဲ့ပြီ...!!!
စက္ကန့်တိုင်းရဲ့သတိရစိတ်တွေကလည်း
ငါရဲ့အိမ်မက်တွေထဲအထိပေါ့...!!!
ကြိုသိထားတဲ့ခရီးတစ်ခုအတွက်
ရင်ဖွင့်ကြည့်ပြန်တော့လည်း
မဖြစ်နိုင်တဲ့ရှေ့ရေးအတွက်
တစ်ယောက်ထဲကြိတ်မှိတ်
ငိုကြွေးမိတာပါပဲ...!!!
မင်းရဲ့မေတ္တာတွေ
ဒီရေလိုအတက်အကျရှိခဲ့ရင်လည်း
ငါကမ္ဘာမှာဒီရေမြစ်ဖြစ်ပါစေ...၊
နင့်ချစ်ခြင်းတွေငါ့ရင်တွင်းမြစ်မှာ
အတက်အကျအားရပါးရ
ကစားလိုက်စမ်းပါ...၊
ငါမျှော်လင့်ရတဲ့နေ့တစ်နေ့ဟာ
ရက်ရာဇာတစ်ရက်ရဲ့
ညနေခင်းဖြစ်မှာပါ...!!!

Tuesday, February 23, 2010

ပန်းသီးပုံပြင်

ကမ္ဘာဦးရဲ့အစ မှားယွင်းမှုတစ်ခု
ပန်းသီးတစ်လုံးကအစပြုလို့ပေါ့
အာဒံနဲ့ဧ၀ တစ်လုံးတည်းသောပန်းသီး
ခံစားပြီးမျှဝေ ဘ၀တွေကိုပေါင်းစပ်ပြီး
ကြီးမားတဲ့အပြစ် အချစ်ဆိုတာဖြစ်ပေါ်
နှစ်တွေတောင် အတော် ကြာခဲ့ပြီနော်.....။

ပန်းသီးတွေများ အရေမထားဘဲစားမိ
တစ်လုံးထဲနဲ့တောင်အပြစ်ရှိရင်
အပြစ်တွေ အများကြီးနဲ့ မှားပြီးရင်းမှားနေတဲ့
အိမ်မက်တွေနဲ့ လူတစ်ယောက်
ဆယ်ရာသီလောက် ဘ၀အမောတွေထဲ
စူးရဲစွာ ဖြတ်ကျော်ခဲ့ပြီမို့ .....

ရေချိုတွေနဲ့ပင်လယ်
ခဲနေတဲ့ရေတွေနဲ့ ကန္တာရ
မခူးသင့်တဲ့ ပန်းတစ်ပွင့်
ပြန်မလာနိုင်တဲ့ အချစ်တွေနဲ့
မဖြစ်ကောင်းစရာတွေအကြောင်း
တစ်စေ့တစ်စောင်း သိနေတာတောင်........................

ငါလေ.....
ငါကလေ..........
အချိန်တိုင်းအတွက် တွေ့လည်းမတွေ့ရဲ
တွေ့ခွင့်လည်းမရှိ ...
သတိရနေမိတဲ့ အပြစ်ကိုက..........။

Sunday, February 21, 2010

မျှော်ငေးသူ

လတစ်စင်း
ညအလင်းတွေရဲ့သခင်
ကမ္ဘာမြေကမော်ကြည့်
မျှော်မိသူက ဝေဒနာရှင်......
မြေလွှာကိုငုံ့ကြည့်နေတဲ့လမင်း
မျှော်လင့်ခြင်းအတိနဲ့လူတစ်ယောက်ကို
မြူလောက်တောင်မြင်မိလိမ့်မထင်........။

အပြစ်ရှိသူက မော်ကြည့်သူ
ရူးသွပ်စွာခံစား သတိရခြင်းတရားတွေရဲ့အောက်
ပြားပြားမှောက် ၀ပ်စင်းနေချိန်
လမင်းဟာခရီးဆက် အာရုဏ်တက်ကိုဆွဲခေါ်ခဲ့တယ်........................

ဝေးကွာသွားတဲ့အချိန်တွေကြား
လွမ်းမောခြင်းတွေခြားထားလည်း
နေ၀င်ချိန်လွန်မြောက်
လမင်းပြန်ရောက်ချိန်ဆို ........
ကောင်းကင်ကိုမော်ကြည့်မျှော်မိသူကိုယ်
ရူးသွပ်စွာအချစ်ပိုခဲ့
မျှော်လင့်ခြင်းမြက်ပင်တွေကို
ယုယစွာဆုပ်ကိုင်
ခိုင်မာစွာတည်ဆောက်
မြူမှုံလောက်အခွင့်အရေးရှိရင်တောင်
သတိရနေဦးမယ်နော် .........။

Friday, February 12, 2010

ဒီကစောင့်နေသူ

နှင်းဆီတစ်ပင်ရဲ့ရှင်သန်မှု
ရေရရှိမှုနဲ့ မြေဆွေးတစ်စုတ်
ဥယျာဉ်မှူးရဲ့ အလုပ်ရှုပ်မှုတွေနဲ့အတူ
ပန်းများကိုပွင့်စေသတဲ့ ..................

ရေတစ်ခွက်နဲ့ အရိပ်တစ်ခု
ခရီးရှည်မှုရဲ့ အင်အားဖြစ်နေ
ခရီးတွေပေါက် ပန်းတိုင်ကို
ရောက်စေသတဲ့လေ..............

ချစ်သူများနေ့ရဲ့ အသက်ဝင်မှု
ချစ်သူရဲ့ အနမ်းတစ်ခု (ဒါမှမဟုတ်)
ကိုယ်စားပြုစကားလေးတစ်စု (ဒါမှမဟုတ်)
တစ်ခုခုတော့ ...... တစ်ခုခုပေါ့ .............

ဒါပေမဲ ................
ဒါပေမဲ့ပေါ့လေ ...........
ကိုယ့်ဘ၀ရဲ့ မောပန်းနေမှု
စာနာမှု ဖေးကူမှု နားလည်မှုတွေကင်းဝေး..........
ဖေဖော်ဝါရီ (၁၄)ဆိုတာတောင် ဘာမှန်းမသိ
ရင်ထဲမှာရှိတဲ့ ခံစားချက်အတွေး
ခဏလေးနားထောင်ပေးတဲ့မင်းကိုဘဲ
နှလုံးသားထဲအထိ ကျေနပ်စွာ
ပီတိ ကျေးဇူးတင်နေမိပါတယ် ...........................

Monday, February 8, 2010

ယူဆောင်သွားပါရစေ

ဘုရားသခင်က
အာဒံအတွက်ဧ၀ကိုဖန်ဆင်းခဲ့တာဆိုရင်
နင့်အတွက်ငါကဖြစ်တည်လာခဲ့ရတာပါ
ရိုမီယိုနဲ့ဂျူးလီယက်ချစ်သလို
ချစ်နိုင်ပါတယ်
ဒါပေမဲ့ ရိုမီယိုသေသလိုနင်လိုက်သေစရာမလိုပါဘူး
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာလို
ချောင်းခြားပြီးလည်းနင်လွမ်းမနေပါနဲ့
အရာရာမတည်မြဲတဲ့လောကကြီးမှာ
သေရင်တောင်ဘာမှပါမသွားဘူးဆိုပေမဲ့
နင်ရဲ့ချစ်ခြင်းတွေကိုတော့
ယူဆောင်သွားပါရစေ......
လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....