Monday, February 8, 2010

ယူဆောင်သွားပါရစေ

ဘုရားသခင်က
အာဒံအတွက်ဧ၀ကိုဖန်ဆင်းခဲ့တာဆိုရင်
နင့်အတွက်ငါကဖြစ်တည်လာခဲ့ရတာပါ
ရိုမီယိုနဲ့ဂျူးလီယက်ချစ်သလို
ချစ်နိုင်ပါတယ်
ဒါပေမဲ့ ရိုမီယိုသေသလိုနင်လိုက်သေစရာမလိုပါဘူး
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာလို
ချောင်းခြားပြီးလည်းနင်လွမ်းမနေပါနဲ့
အရာရာမတည်မြဲတဲ့လောကကြီးမှာ
သေရင်တောင်ဘာမှပါမသွားဘူးဆိုပေမဲ့
နင်ရဲ့ချစ်ခြင်းတွေကိုတော့
ယူဆောင်သွားပါရစေ......

No comments:

Post a Comment

လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....