ကမ္ဘာဦးရဲ့အစ မှားယွင်းမှုတစ်ခု
ပန်းသီးတစ်လုံးကအစပြုလို့ပေါ့
အာဒံနဲ့ဧ၀ တစ်လုံးတည်းသောပန်းသီး
ခံစားပြီးမျှဝေ ဘ၀တွေကိုပေါင်းစပ်ပြီး
ကြီးမားတဲ့အပြစ် အချစ်ဆိုတာဖြစ်ပေါ်
နှစ်တွေတောင် အတော် ကြာခဲ့ပြီနော်.....။
ပန်းသီးတွေများ အရေမထားဘဲစားမိ
တစ်လုံးထဲနဲ့တောင်အပြစ်ရှိရင်
အပြစ်တွေ အများကြီးနဲ့ မှားပြီးရင်းမှားနေတဲ့
အိမ်မက်တွေနဲ့ လူတစ်ယောက်
ဆယ်ရာသီလောက် ဘ၀အမောတွေထဲ
စူးရဲစွာ ဖြတ်ကျော်ခဲ့ပြီမို့ .....
ရေချိုတွေနဲ့ပင်လယ်
ခဲနေတဲ့ရေတွေနဲ့ ကန္တာရ
မခူးသင့်တဲ့ ပန်းတစ်ပွင့်
ပြန်မလာနိုင်တဲ့ အချစ်တွေနဲ့
မဖြစ်ကောင်းစရာတွေအကြောင်း
တစ်စေ့တစ်စောင်း သိနေတာတောင်........................
ငါလေ.....
ငါကလေ..........
အချိန်တိုင်းအတွက် တွေ့လည်းမတွေ့ရဲ
တွေ့ခွင့်လည်းမရှိ ...
သတိရနေမိတဲ့ အပြစ်ကိုက..........။
ပန်းသီးတစ်လုံးကအစပြုလို့ပေါ့
အာဒံနဲ့ဧ၀ တစ်လုံးတည်းသောပန်းသီး
ခံစားပြီးမျှဝေ ဘ၀တွေကိုပေါင်းစပ်ပြီး
ကြီးမားတဲ့အပြစ် အချစ်ဆိုတာဖြစ်ပေါ်
နှစ်တွေတောင် အတော် ကြာခဲ့ပြီနော်.....။
ပန်းသီးတွေများ အရေမထားဘဲစားမိ
တစ်လုံးထဲနဲ့တောင်အပြစ်ရှိရင်
အပြစ်တွေ အများကြီးနဲ့ မှားပြီးရင်းမှားနေတဲ့
အိမ်မက်တွေနဲ့ လူတစ်ယောက်
ဆယ်ရာသီလောက် ဘ၀အမောတွေထဲ
စူးရဲစွာ ဖြတ်ကျော်ခဲ့ပြီမို့ .....
ရေချိုတွေနဲ့ပင်လယ်
ခဲနေတဲ့ရေတွေနဲ့ ကန္တာရ
မခူးသင့်တဲ့ ပန်းတစ်ပွင့်
ပြန်မလာနိုင်တဲ့ အချစ်တွေနဲ့
မဖြစ်ကောင်းစရာတွေအကြောင်း
တစ်စေ့တစ်စောင်း သိနေတာတောင်...................
ငါလေ.....
ငါကလေ..........
အချိန်တိုင်းအတွက် တွေ့လည်းမတွေ့ရဲ
တွေ့ခွင့်လည်းမရှိ ...
သတိရနေမိတဲ့ အပြစ်ကိုက..........။
No comments:
Post a Comment