တစ်ယောက်လက်တစ်ယောက်တွဲ
ဖြတ်သန်းလျှောက်ခဲ့ဘူးတယ်
ချစ်ခြင်းတွေကိုယ်စီအပြည့်နဲ့
ဟောဒီလမ်းလေးအတိုင်းပေါ့
ဆောင်း...မိုး....နွေ ....
ပြောင်းနေသလိုပဲ
ဟောင်းအိုတဲ့ရက်တွေထဲ
အချစ်က ရွက်ကြွေတွေလိုပဲလေ
ပုရစ်ဖူးတွေနဲ့ နွေဦးတွေသာ
အခါခါပြောင်းလဲခဲ့တယ်
"အချစ်ဦး"ဆိုတာကတော့
အသစ်မဖြစ်နိုင်တော့ပါဘူး
ခုတော့လဲ
မှိုင်းညို့နေတဲ့မိုးသားအောက်
တစ်ယောက်တည်း လမ်းလျောက်ရတိုင်း
လေတိုးခတ်တဲ့သစ်ရွက်သံတွေက
င့ါကိုလှောင်နေသလားလို့
အားမငယ်ချင်တော့ဘူး
အထီးကျန်တစ်ယောက်တည်း
လျှောက်ရလို့ထင့်
အရင်လိုလဲ
လမ်းကလေးကမလှပတော့ဘူး
နေပြောက်ထိုးတဲ့အရိပ်တွေကတောင် အရုပ်ဆိုးလို့
တကယ်ဆို
သူ့အချစ်တွေတိမ်းပါးသွားလို့
ကျနော့်အလွမ်းတွေကလဲ
စိမ်းကားသွားခဲ့ရတာပါ......။ ။
ကာရန်သစ်
21.9.12
No comments:
Post a Comment