Friday, November 16, 2012

ပြန်မလာတော့မဲ့သူ

မမျှော်တော့ဘူးကွယ်
ဘယ်တော့ပြန်လာမလဲ
ငါမသိချင်တော့ဘူး
မင်းပြန်လာတာ
င့ါဆီမှ မဟုတ်တာပဲ

မပျော်တော့ဘူးကွယ်
မင်းရဲ့နေ့ရက်တွေဟာ
ငါနဲ့မသက်ဆိုင်မှန်း
ဇာတ်သိမ်းခန်းမတိုင်မီ
ငါကြိုသိထားတဲ့နောက်

မခေါ်တော့ဘူးကွယ်
ကိုယ်ရွေးတဲ့လမ်း ကိုယ်လှမ်း
ကိုယ်လျှောက်မယ့်လမ်းကိုယ်ဖောက်
ကိုယ့်ဘ၀ ကိုယ်ဆက်လျှောက်ကြမယ်

တခဏလောက် လမ်းကြုံကြရင်တော့
အရင်ကလို ပြုံးပြကြမယ်
အဆင်မပြေတော့လဲ
အရင်ကလို မသိဟန်ဆောင်လို့ပေါ့

တကယ်ဆို
ငါတို့က
ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြတဲ့
အစိမ်းသက်သက် သူစိမ်းတွေပဲကွယ်

ဘ၀ဆိုတဲ့
ကန့်လန့်ကာချ ဇာတ်မသိမ်းခင်တော့လည်း
ငါနဲ့နင်
ပြန်ဆုံချင်သေးတာပေါ့လေ

ကာရန်သစ်

လွဲချော်နေသောအလွမ်းများစွာအတွက်



ဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုရင်တောင်
ဘယ်တော့မှ မေ့မပြစ်လိုက်ပါရစေနဲ့လား
သတိရနေခွင့်ကလေးတော့
ရှိနေဦးမှာပေါ့နော်

ဆုံဆည်းခဲ့ရတဲ့
ကာလကလေးကိုပဲ
အမှတ်တရတစ်ခုအဖြစ်ယူဆပြီး
ဘ၀တသက်လုံး
လွမ်းဆွတ်နေသွားပါရစေလား

လက်တွဲခွင့်မရှိဘူးဆိုရင်လဲ
မျဉ်းပြိုင်လိုဘေးချင်းယှဉ်ပြီး
ဘယ်တော့ဖြစ်ဖြစ်မြင်သာခွင့်တော့
လိုချင်မိတယ်

နေရာတခုတည်းမှာတောင်
လှည့်မကြည့်လို့မတွေ့လိုက်ရမှာမျိုး
လှမ်းမကြည့်လို့မမြင်လိုက်ရမှာမျိုး
.....
ဒီလိုသာလွဲလွဲနေရင်တော့
ကိုယ်ရင်ကွဲရချည်ရဲ့ ကွယ် ။ ။

ကာရန်သစ်

Wednesday, November 7, 2012

မျှော်လင့်ခြင်းဝေးးးးးးးးးး

မမျှော်တော့ဘူးကွယ်
ဘယ်တော့ပြန်လာမလဲ
ငါမသိချင်တော့ဘူး
မင်းပြန်လာတာ
င့ါဆီမှ မဟုတ်တာပဲ

မပျော်တော့ဘူးကွယ်
မင်းရဲ့နေ့ရက်တွေဟာ
ငါနဲ့မသက်ဆိုင်မှန်း
ဇာတ်သိမ်းခန်းမတိုင်မီ

ငါကြိုသိထားတဲ့နောက်

မခေါ်တော့ဘူးကွယ်
ကိုယ်ရွေးတဲ့လမ်း ကိုယ်လှမ်း
ကိုယ်လျှောက်မယ့်လမ်းကိုယ်ဖောက်
ကိုယ့်ဘ၀ ကိုယ်ဆက်လျှောက်ကြမယ်

တခဏလောက် လမ်းကြုံကြရင်တော့
အရင်ကလို ပြုံးပြကြမယ်
အဆင်မပြေတော့လဲ
အရင်ကလို မသိဟန်ဆောင်လို့ပေါ့

တကယ်ဆို
ငါတို့က
ဘယ်တုန်းကမှ မရင်းနှီးခဲ့ကြတဲ့
အစိမ်းသက်သက် သူစိမ်းတွေပဲကွယ်

ဘ၀ဆိုတဲ့
ကန့်လန့်ကာချ ဇာတ်မသိမ်းခင်တော့လည်း
ငါနဲ့နင်
ပြန်ဆုံချင်သေးတာပေါ့လေ

ကာရန်သစ်
၆. ၁၁. ၁၂

Wednesday, October 31, 2012

မဖတ်ဖူးဆိုတာသိပေမဲ့...

နှစ်စဉ် နှစ်တိုင်းရဲ့ အောက်တိုဘာလ 31ရက်နေ့ဟာ အနောက်နိုင်ငံရဲ့ Halloween Day လို့ဆိုတယ်
အောက်တိုဘာ 31ရက်ရောက်တိုင်း ဟိုအရင် 3နှစ်လောက် က ချိုချဉ်စားမလား ကလေးတွေပေးဘို့ ကို ၀ယ်ထားတယ် လို့ပြောဖူးခဲ့တာ အမှတ်ရနေတယ် ကိုနဲ့မဆိုင်တဲ့ အနောက်နိုင်ငံက အယူအဆတွေကို ဘာလို့ သိတတ်အောင် သင်ပေးခဲ့တာလဲ ..ကမ္ဘာမခြား ပေမဲ့ ငါတို့ ဝေးနေတယ် ကွယ်....
နေ့နဲ့ညအချိန် မတူတာတွေ ကို အဆင်ပြေအောင်နေတယ် သူကကောင်းသောညနေခင်းပါလို့ နှုတ်ဆက် ကို ကမင်္ဂလာနံနက်ခင်းပါလို့နှုတ်ပြီးပြေလည်ခဲ့ပေမဲ့  စန္ဒီ မဟုတ်တဲ့  မေ 9 ရဲ့ လေပွေ မှာ ငါတို့ဝေးလွင့်ခဲ့ရတယ်.. 

Monday, October 29, 2012

အသဲကွဲနေတဲ့ လမ်းကလေး



တစ်ယောက်လက်တစ်ယောက်တွဲ
ဖြတ်သန်းလျှောက်ခဲ့ဘူးတယ်
ချစ်ခြင်းတွေကိုယ်စီအပြည့်နဲ့
ဟောဒီလမ်းလေးအတိုင်းပေါ့

ဆောင်း...မိုး....နွေ ....
ပြောင်းနေသလိုပဲ
ဟောင်းအိုတဲ့ရက်တွေထဲ
အချစ်က ရွက်ကြွေတွေလိုပဲလေ

ပုရစ်ဖူးတွေနဲ့ နွေဦးတွေသာ
အခါခါပြောင်းလဲခဲ့တယ်
"အချစ်ဦး"ဆိုတာကတော့
အသစ်မဖြစ်နိုင်တော့ပါဘူး

ခုတော့လဲ

မှိုင်းညို့နေတဲ့မိုးသားအောက်
တစ်ယောက်တည်း လမ်းလျောက်ရတိုင်း
လေတိုးခတ်တဲ့သစ်ရွက်သံတွေက
င့ါကိုလှောင်နေသလားလို့
အားမငယ်ချင်တော့ဘူး

အထီးကျန်တစ်ယောက်တည်း
လျှောက်ရလို့ထင့်
အရင်လိုလဲ
လမ်းကလေးကမလှပတော့ဘူး
နေပြောက်ထိုးတဲ့အရိပ်တွေကတောင် အရုပ်ဆိုးလို့

တကယ်ဆို
သူ့အချစ်တွေတိမ်းပါးသွားလို့
ကျနော့်အလွမ်းတွေကလဲ
စိမ်းကားသွားခဲ့ရတာပါ......။ ။

ကာရန်သစ်
21.9.12

Wednesday, October 24, 2012

ချစ်ခွင့်မဲ့....


အချိန်တိုင်း
သတိရနေတယ်
အမြဲတမ်းပဲပေါ့
လွမ်းခွင့်ရှိနေသေးသရွေ့
လွမ်းနေ သတိနေပါရစေလို့
ဆုတောင်းလိုက်ချင်တယ်
ဒါပေမယ့် 
အပြင်လောကမှာတော့
ငါတို့2ယောက်က
တယောက်တနေရာစီ
ကမ္ဘာကြီးရဲ့တဘက်တခြမ်းစီက
အသဲနှလုံး တခြမ်းပဲ့စီပဲ
ပိုင်ဆိုင်ထားကြတဲ့
(ချစ်ခွင့်မဲ့)လူသားတွေရယ်လေ

မဆုံနိုင်လို့ဝေးကြရတာမဟုတ်ပဲ ဝေးသွားလို့သာမဆုံဖြစ်ကြတာပါ


မတွေ့တဲ့နေ့တွေကိုတောင်
မေ့မရနိုင်တဲ့အဖြစ်ကနေ
မတွေ့ကြရတဲ့အခြေအနေတခုမှာ
ငါမေ့ပစ်နိုင်ပါ့မလား???

မဆုံနိုင်လို့ဝေးကြရတာမဟုတ်ပဲ
ဝေးသွားလို့သာမဆုံဖြစ်ကြတာပါ

မျဉ်းပြိုင်လို
မဆုံနိုင်ခဲ့ကြတာလို့
ထင်မှတ်ထားခဲ့မိပေမယ့်

ခုတော့

နင်နဲ့ငါဟာ

မျဉ်း1ကြောင်းတည်းကိုမှ
ကျောခိုင်းအနေအထားနဲ့
လျှောက်ခဲ့မိရက်သားဖြစ်နေလေရဲ့

ဆန္ဒတွေဘယ်လောက်များများ
နောင်တတွေဘယ်လောက်ခါးခါး
အတိတ်တွေအားလုံးကို
သိမ်းထားခွင့်ပြုပါ

မျဉ်းပြတ်တွေမှာတော့
အဆုံးသတ်ဆိုတာရှိတတ်ပါတယ်
မျဉ်းဖြောင့်တွေကကြတော့
အဆုံးသတ်လို့မှမရပဲလေ

မျဉ်းပြတ်ပဲဖြစ်ဖြစ်
မျဉ်းဖြောင့်ပဲဖြစ်ဖြစ်
ကျောခိုင်းထားတဲ့အနေအထားကတော့
ဘယ်လိုမှပြန်ပြီး
မျက်နှာချင်းဆိုင်ခွင့်
မရနိုငတော့ပါဘူး

ဒါပေမယ့်

အဲဒီမျဉ်းတကြောင်းရဲ့
အစွန်း2ဖက်ဟာ
ပြန်လည်ဆုံဆည်းခွင့်ရှိမရှိဆိုတာကတော့
------------------
?????????????????

ထင်ရောင်ထင်မှားးးးးးးးးးး


မမြင်ဘူးခဲ့တဲ့
ငါ့ရဲ့
မူးမြစ်ကလေးရေ

ပင်လယ်ကိုမမြင်ဘူးရင်တော့
မင်းဟာ
ရေပြင်ကျယ်ကြီးပေါ့ကွာ

တခုပါပဲ
ငါကလဲ
လှိုင်းကြပ်ခွပ်လား
ရေလှိုင်းလား
ခွဲခြားမသိလေတော့
ကမ်းစပ်မှာထိုင်ငေးနေရုံပါပဲ

ဒါနဲ့များတောင်
ငါ့ကို
လူတွေက
ရေနစ်မှာစိုးရိမ်နေတယ်.....

ကမ္ဘာမခြားပါ သို့သော်


ကောင်လေးရေ
ကောင်းကင်ကြီးရဲ့တနေရာရာမှာတော့
နင်ရှိနေမှာပေါ့နော်
ဒီလိုအတွေးတွေနဲ့
ငါလဲ နေ့ရှိသရွေ့
ကောင်းကင်ကိုမော့ငေးရင်း
နင့်ကိုသတိရနေမိခဲ့တယ်

နင်ကရော
တစ်ခါက ငါ့ကို
(ဘယ်လိုခေါင်းစဉ်မျိုးနဲ့ပဲဖြစ်ဖြစ်)
သတိရရဲ့လား
ငါသိချင်လိုက်တာ

ငါ
မလွမ်းတော့ဘူးပေါ့နော်
ဒီလိုအတွေးတွေနဲ့
နှစ်သစ်တိုင်းကိုခရီးနှင်ခဲ့မိပေမယ့်
မိုးစက်တွေမြင်တိုင်း
နင့်ကိုမလွမ်းပဲမနေနိုင်သေးဘူးဟာ

နင်ရော
ဒီနှစ်သစ်ကို
ငါ့ဆုတောင်းမပါပဲ
ကောင်းအောင်နေဖို့
ယုံကြည်ချက်တွေအားမွေးထားလား
ငါသိချင်တယ်

ဒီကဗျာကို
နင်မဖတ်မှန်းသိပါရဲ့
(မဖတ်ရတာဖြစ်ဖြစ်ပေါ့)
ငါကတော့
တဆင့်စကားတဆင့်နားနဲ့
နင့်ကိုကြားသိစေချင်တယ်

တကယ်ဆို
နင်နဲ့ငါ့ကြားမှာ
ကမ္ဘာခြားသွားတာမဟုတ်ပါဘူး
ယုံကြည်ချက်တွေက
ငါတို့ကိုတားထားခဲ့တာပါ
ဒါပေမယ့်
ခြားထားတဲ့စည်းတွေမရှိလဲ
ငါတို့ ဝေးသွားကြရတာ
(အားလုံးသောအရာတွေရဲ့)
အလိုဆန္ဒအရပဲဖြစ်မှာပါ..... KTK

Monday, October 22, 2012


ဆက်၍ ဆက်၍ ချစ်နေခြင်းများ.....


သူက ကလေးလေးလို ဖြူစင်ရိုးရှင်းတယ်။
အလိုမကျတဲ့အခါ စိတ်ကောက်တတ်တယ်။
ချော့မြူလိုက်တိုင်း ခေါင်းလေးကို မော့ရမ်းလို့ အခါခါ ရယ်တယ်။

သူပျော်နေရင် ကျေနပ်နေမိခဲ့တယ်။ သူတည်နေရင် နေရခက်ခဲ့တယ်။ အမှုမဲ့ အမှတ်မဲ့ နေ့စွဲတိုင်းမှာ အမှတ်တရတွေသာ ရှင်သန်နေစေခဲ့တယ်။ အာဒမ်နဲ့အေဝ မဟုတ်ပေမယ့် နှစ်ဦးသားရဲ့တွေ့ဆုံမှုဟာ (ပန်းသီး)တစ်လုံးက စတင်ခဲ့ကြတယ်။ သူ့ရဲ့အစွဲအလန်းကြီးနိုင်လွန်းမှုကြောင့် ယုံကြည်မှုမဲ့နေသော စိတ်များကြားမှာ ကြိုးစား ရှင်သန်ကူးခတ်ခဲ့ရတယ်။ သူ့ရဲ့ဝန်တိုမှုဆန်ဆန် စကားလုံးတိုင်းကိုလည်း ပျော်ရွှင်စွာရယ်မောလို့ တယုတယလေး နှလုံးအိမ်မှာ သိမ်းဆဲထားခဲ့တယ်။

မျက်ရည်တွေ သီဝေ့နေတဲ့ သူ့ရဲ့ ဝမ်းနည်းမှုတွေကို
အခါခါ  ရယ်ရွှင်ဆေးတွေ ဖော်စပ်လို့
အပြုံးတွေ ထည်လဲတပ်ဆင်ပေးဖူးတယ်။

အချိန်အခါရယ်လို့ မရှိပါဘူး။ သန်းခေါင်ကျော်များလည်း ကျွမ်းဝင်ခဲ့တယ်။ သူ့ရဲ့အဆင်မပြေမှုများလည်း နှစ်သိမ့်ပေးခဲ့တယ်။ သူ့ရဲ့အားငယ်မှုများကိုလည်း ဖေးမပေးခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့အခါတိုင်းလည်း မြင့်တင်ပေးခဲ့တယ်။ အနည်မထိုင်သေးတဲ့ ကိစ္စတိုင်းမှာ မှန်ခြင်း၊ မှားခြင်း မဆန်းစစ်ပေးသေးပဲ သူ့ရဲ့သဘောထားအား နားလည်ပေးခဲ့တယ်။ တစ်ကယ်တော့ သူနဲ့အတူ အသံခြင်းနီးတဲ့အခါပဲဖြစ်ဖြစ်၊ စိတ်ခြင်းနီးတဲ့အခါပဲဖြစ်ဖြစ်၊ လူခြင်းနီးတဲ့အခါပဲဖြစ်ဖြစ် နောက်ဆုံး ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် အရာအားလုံးအတွက် ကျေနပ်နေမိတယ်။

သူ့ရဲ့နွှဲ့ဆိုးဆန်ဆန်ပျိုးတဲ့ မိုးတိုင်းကို
သဒ္ဒါဖြူစွာ အဖန်တစ်ရာ ပက်ဖြန်းခံလို့
နေ့တွေ၊ ညတွေဟာလည်း သာယာခဲ့ဖူးတယ်။

(၁၀ခါ)လောက်အလိုလိုက်ရင် (၁ခါ)လောက်တော့ ပြန်အလိုလိုက်မှာပေါ့ဆိုတဲ့ သူရဲ့တစ်ဖက်သတ်ဆန်ဆန် အပြောအဆိုတိုင်းကို နှစ်လိုစွာ ပြုံးလို့ နာခံယူခဲ့တယ်။ သူကအရမ်းဆိုးရင်ကောဆိုတဲ့ အမေးတိုင်းကိုလည်း လက်တွေ့ဆန်ဆန် အပြုအမူများဖြင့်သာ သက်သေထူခဲ့တယ်။ သူဖုန်းဆက်လာတိုင်း ဘယ်အခါမျိုး၊ ဘယ်အခြေအနေမျိုး၊ ဘယ်အချိန်မျိုး ဖြစ်နေပါစေ ဖုန်းမကိုင်မိသောအခါမရှိခဲ့။

(အိပ်နေသောအခါ၊
 ရေချိုးနေသောအခါ၊
 ခရီးသွားနေသောအခါ၊
 ထမင်းစားနေသောအခါ၊
 ကားမောင်းနေသောအခါ၊
 အိမ်သာတက်နေသောအခါ၊
 အရမ်းအလုပ်ရှုပ်နေသောအခါ၊
 သူ့အား သတိရနေသောအခါများလည်း ပါဝင်နေခဲ့ပါတယ်)   ဒါတွေ သူမသိခဲ့။

နောက်ဆုံး ကြမ္မာဆိုးက ဘယ်လိုမိုးမိုး
မနက်ဖြန်တိုင်းမှာ အတူရှိမနေပေမယ့် သူရှိနေပါတယ်။
ချစ်အက္ခရာတိုင်းမှာ ဆုံမှုမရှိသေးပေမယ့် ဆုံဖို့ရှိနေပါ့မယ်။

ချစ်ခြင်းများအား ကံကြမ္မာစေရာဆိုသော သမရိုးကျအညွှန်းများအောက်မှာ မထားချင်ပါ။ ချစ်ခြင်းတိုင်းလည်း မတူညီနိုင်ပါ။

ရှေ့ဆက်ဖို့ အားအင်တွေ ချိနဲ့နေပေမယ့် ရပ်တန့်ဖို့ မဖြစ်နိုင်သလို မေ့ပစ်နိုင်စွမ်းလည်းမဲ့နေခဲ့ပါတယ်။

နိုးထလာသော မနက်ခင်းတိုင်းက လှပမနေတော့သည့်တိုင်အောင် စွန့်လွှတ်နိုင်စွမ်းမဲ့သော စိတ်များက ပျောက်ဆုံးသွားခဲ့သော ညနေခင်းများထိတိုင်အောင် အကြိမ်ကြိမ်အခါခါ သူ့အား ချည်နှောင်မိနေသေးတယ်။

ကမ္ဘာတစ်ခုစီကနေ မဟုတ်ပေမယ့် နေရာတစ်ခုစီကနေ
အသက်သွင်းကြမယ့် ချစ်ခြင်းတွေဟာ
ဘယ်သောအခါမှ ပျက်ယွင်းသွားမှာ မဟုတ်ဖူးလို့
သူ့အားလည်း ယုံကြည်နေစေချင်ပါတယ်။
အမှန်က စာရေးဆရာ ၊သီချင်းရေးဆရာ ရေးတာကို ပျောက်သွားမှာ နောက်1ခေါက်မဖတ်ရမှာစိုးလို့ကူးတင်လိုက်တာပါ။စာရေးဆရာ (ရှေးစာဆို)ပါ...

Sunday, October 21, 2012

အသဲတခြမ်း အလှူရှင်သို့

ချစ်တတ်လွန်းတဲ့သူတွေဟာ
ချစ်သူအတွက်ဆို
“ရင်ထဲကအသဲကို
ထက်ခြမ်းခွဲပေးလို့ရရင်
ပေးလိုက်ချင်တယ်” တဲ့
ကြားခဲ့ဘူးတယ်

ဒါပေမယ့်
ရှေ့တစ်မျိုးနောက်တစ်မျိုး
ဆိုးလွန်းတဲ့သူနဲ့တွေ့ရင်တော့

ကောင်မလေးရေ
အစကတည်းကလှူမယ်ဆုံးဖြတ်ထားတဲ့
အသဲတစ်ခြမ်းထဲမှာ
ချစ်တတ်တဲ့စိတ်တွေအပြည့်ထည့်ပြီး
စကြ၀ဠာအပြင်ဘက်ကိုလွှင့်ပစ်လိုက်စမ်းပါ

မင်းကိုကိုယ်ဆုတောင်းပေးနေမယ်
အသဲတစ်ခြမ်းထဲနဲ့အသက်ရှင်နိုင်တယ်ဆိုတာ
မင်းလိုပဲ
ကိုယ်လဲယုံကြည်နေမိတယ်.... KTK

Friday, April 13, 2012

happy birthday for 15th april

နှစ်တိုင်း ဒီအချိန်ဆို
ငါနာကျင်နေမိတယ်

အရင်ကတော့
နှစ်သစ်မရောက်ခင်
တောင်းပေးနေကြဆုတောင်းစကားက
ခုလဲ
အရင်အတိုင်းပါပဲ

တစ်ခုပဲ
မင်းကြားအောင်ပြောပြခွင့်တော့
ငါ့မှာမရှိတော့ဘူးပေါ့

ကောင်လေးရေ
ဝေးသွားရတဲ့အကြောင်းပြချက်က
တို့၂ယောက်တွက်တော့
မခိုင်လုံဘူးနော်

သိက္ခာတွေကိုထမ်းထားရတာ
ပင်ပန်းလွန်းတယ်
မာနတွေတပ်ဆင်ထားတဲ့
မျက်နှာဖုံးကလဲ
အခုလုံးလုံးခွာမရနိုင်တော့
ခေါက်ရိုးကျိုးနေတဲ့အပြုံးတွေအောက်မှာ
(တစ်ခါက)
အသဲနှလုံးတစ်ခုလုံးကွဲကြေခဲ့ဘူးတယ်ဆိုတာ
ခုဆို
ကိုယ့်ဟာကိုယ်တောင်မမှတ်မိချင်တော့ဘူး

"မွေးနေ့မှာပျော်ရွှင်ပါစေ"

Wednesday, February 8, 2012

သူပြုံးနေတုန်းကပေါ့..

ငါ့ဘ၀မှာ
နှင်းဆီရောင်ညနေခင်းတွေလည်း
လင်းကျင်းလှပနေခဲ့ဘူးတယ်...
တခါတုန်းကပေါ့
သက်တန့်ရောင်ဆည်းဆာနဲ့
နေ၀င်ချိန်တိုင်းဟာ
ရွှေအိုရောင်တိမ်တိုက်တွေနဲ့
လှပစေခဲ့တယ်လေ..
အနားမှာ
သူနေတုန်းကပေါ့....
အိပ်တန်းပျံငှက်တွေနဲ့
နေညိုချိန်တွေမှာ
အထီးကျန်မှုတွေဝေးလွင့်လို့
မနက်ဖြန်မှာ
ဒီထက်လှတဲ့နေမင်းကြီး
ထပ်ထွက်လာဦးမယ်လို့
တပုံတပင်ယုံကြည်ချက်တွေနဲ့
နေ၀င်ချိန်တိုင်းလှပနေခဲ့တယ်
(သူပြုံးနေတုန်းကပေါ့...)

Wednesday, February 1, 2012

အစိမ်းခြွေ

ဆောင်းမနက်ခင်းရဲ့
နှင်းစက်တွေလို
ဘယ်အချိန်ကတည်းကတည်ရှိနေမှန်းလဲမသိရ
ဘယ်ကလာပြီး
ဘယ်ကိုရောက်သွားတာလဲ
တွေးမရသလိုမျိုး
ငါက
သံယောဇဉ်ဆိုတဲ့ကြိုးကို
ပိုးနဲ့ချည်ခဲ့တာမဟုတ်တော့
အဖိုးမတန်ဘူးပေါ့
သံနဲ့ချည်ခဲ့တမဟုတ်တော့
မခိုင်ခဲ့ဘူးပေါ့
ရင်ခုန်သံတွေကိုချည်နှောင်ခဲ့တဲ့
ရင်ထဲကတစ်စုံတစ်ရာဟာ
``အစိမ်းခြွေ´´ ဆိုတဲ့
ခေါင်းစဉ်အောက်
ရောက်သွားတဲ့အခါ
သံယောဇဉ်ကြိုးလဲ
ကြိုး ပဲ့ သွား ခဲ့ တယ်.....။

Monday, January 30, 2012

အိမ်မက်

အိမ်မက်တွေရဲ့ဖြားယောင်းမှုမှာ
ကျနော်လွမ်းဖျားလွမ်းနာကျခဲ့ရတယ်
အိမ်မက်က ပန်းချီကားတစ်ချပ်ဆို
ကျနော်ဘောင်လှလှလေးတပ်ထားချင်တယ်(တန်းဘိုးမြှင့်အောင်လေ)
အိမ်မက်က သစ်သီးတစ်လုံးဆို
ကျနော်ရေခဲသေတ္တာထဲထည့်ထားချင်တယ်(မပုပ်မသိုးအောင်လေ)
အိမ်မက်က ကဗျာတစ်ပုဒ်ဆို
ကျနော်အလွတ် ကျက်ဆိုပစ်လိုက်မယ်(မေ့မသွားအောင်)
အိမ်မက်က သစ်တစ်ပင်ဆို
ကျနော်ရေလောင်းပေါင်းသင်လိုက်ချင်တယ်(ကြီးထွားအောင်လေ)
အိမ်မက်က ငှက်ကလေးဆို
ကျနော် လှောင်ချိုင့်ထဲ ထည့်သိမ်းထားမယ်(ထွက်ပြေးသွားမှာစိုးလို့လေ)
အိမ်မက်က...
အိမ်မက်က....
အိမ်မက်က.....
ဒါပေမဲ့လည်း အိမ်မက်က
အိမ်မက်ပဲဆိုတော့
ကျနော်
နိုးထရတော့မှာပေါ့လေ.......။

Saturday, January 28, 2012

We Need..

ဘ၀မှာ..
ကိုယ့်ကို အချိန်တိုင်းသတိရနေမယ့်
တစ်စုံတစ်ယောက်လိုအပ်တယ်...
ဘ၀မှာ..
ကိုယ့်ကိုပျော်ရွှင်ကြည်နူးအောင်လုပ်ပေးမယ့်
တစ်စုံတစ်ယောက်လိုအပ်တယ်...
ဘ၀မှာ..
ကိုယ့်ဝမ်းနည်းတဲ့အခါ ဖြေသိမ့်တတ်တဲ့
ကြင်နာတတ်တဲ့နှလုံးသားတစ်စုံလိုတယ်...
ဘ၀မှာ..
လသာညတွေကိုခံစားဘို့
ထပ်တူကျတဲ့ ရင်ခုန်သံတစ်စုံလိုတယ်...
ဘ၀မှာ..
အေးမြတဲ့လေပြည်လေညင်းတွေလိုက်ရှာဖို့
ဝါသနာတူတဲ့တစ်စုံတစ်ယောက်လိုအပ်တယ်...
ဘ၀မှာ..
မဆုံးနိုင်တဲ့ခရီးရှည်ကြီးကိုဖြတ်သန်းဖို့
စာနာပေးမဲ့ ပခုံးတစ်ဘက်
ကြင်နာတတ်တဲ့ နှလုံးသားနဲ့
ခွန်အားရှိတဲ့ လက်တစ်စုံ လိုအပ်တယ်...။

ချစ်သူထားခဲ့တဲ့ဆောင်း...

ဟေမာန်ဆောင်းတွင်း

ပြောင်းယွင်းဖောက်ပြန်

မုန်တိုင်းထန်လို့

တိမ်လွှာအုံ့ဆိုင်း

ရှစ်ခွင်တိုင်းလုံး

မှောင်မိုက်ဖုံးနေ

လွမ်းတတ်စေသား

လွမ်းသူများတွက်

တကယ်တော့ ဒါတွေဟာ

အလွမ်းသက်သက်ပါပဲလေ ........

ရီဝေမျက်ဝန်း

တစ်ဖက်စွန်းရောက်

မျက်ရည်ပေါက်ငယ်

မြစ်နှစ်သွယ်ဆင်း

ဖြစ်ခြင်းမလှ

အတိတ်ဘ၀ထံ

တစ်ဖန်ပြန်တွေး

အဆွေးမပျက်

ပါးနှစ်ဖက်လည်း

စိုရွှဲလို့နေ

မြင်လှည့်ပါအုံး ချစ်သူရေ ........

ပြန်လာမယ်ဆို

အပိုစကား

ကိုယ်လေကြားဆဲ

နားထဲရစ်သီ

နှစ်ချီကွာဝေး

ဒဏ်ရာပေးပြီး

အဝေးကြီးရောက်

သူပျောက်သွားတာ

အော် .....

ခုချိန်ခါပေါ့ ....... . ...

စက္ကန့်အမျှ

လွမ်းညနေ့ကူး

မမေ့ဘူးဆို

အပိုစကား ထင်မလား ......... ..

ရင်ကြားကဖူး

ချစ်ပန်းဦးကို

မပန်လိုလည်း

ကံကိုလွှဲမည်

ဖြစ်တည်ကမ္ဘာ

သံသရာဆုံး

ပြန်လာအုံးမလား

အရှုံးသမားရဲ့ မျှော်လင့်ချက်

ဘယ်တော့မှမပျက်ဘူး .... သိလား .......

လာရောက်သူအားလုံးကိုကြိုဆိုပါတယ်ရှင်.....